MAY International School တွင် ပညာသင်ကြားနေသောကလေးငယ်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် အကာအကွယ်ပေးရေး အတွက် စည်းကမ်းများချမှတ်ထားပါသည်။
ဘေးအန္တရာယ်ဆိုသည်မှာ ကျောင်းဝင်းအတွင်းနှင့် ကျောင်းဝင်းပြင်ပအန္တရယ်များအားလုံးကိုဆိုလိုပါသည်။
Safeguarding rule များသည် ကျောင်းသား၊ကျောင်းသူများ ကျောင်းသို့စတင်ရောက်ရှိသည့်အချိန်မှ အစပြု၍ စာသင်ခန်းအတွင်း စာသင်ကြားနေသည့်အချိန်၊ ကစားအချိန် ၊အတန်းကူးပြောင်းသည့်အချိန်၊ နေ့လည်မုန့်စားဆင်းသည့် အချိန်၊ ကျောင်းလွှတ်သည့်အချိန်စသည့် ကျောင်းမှမထွက်ခွာမှီအချိန်အထိ အကျုံးဝင်ပါသည်။
ကလေးများတွင်ကျရောက်နိုင်သည့်
- မည်သည့်ဘေးအန္တရာယ်များကိုမဆို တားဆီးကာကွယ်ရန်။
- ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးရန်။
- ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ပပျောက်အောင် နှင့် အန္တရယ်ဖြစ်ပေါ်လာပါက အသက်သာဆုံးဖြစ်အောင် အနူးညံ့ဆုံးကိုင်တွယ်ဖြေရှင်းရန်။
- လိုအပ်သည့် ကျန်းမာရေး အစီအမံများကိုစနစ်တကျစီစဥ်ဆောင်ရွက်ထားပါသည်။
ကလေးငယ်များနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြသော မိဘ၊ ဆွေမျိုး၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများမှအစပြု၍ မည်သူတစ်ဦးတယောက်မဆို ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ဖိနှိပ်ခြင်း၊ ညှင်းပန်းခြင်း၊ နာကြင်စေခြင်း၊ ကြောက်ရွံ့ ထိတ်လန့်စေခြင်းတို့ကို ရှောင်ကြဥ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးရပါမည်။
မဖြစ်မနေရှောင်ကြဥ်ရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- မည်သူ့ကိုမဆို အရှက်ခွဲ ချိုးနှိမ်ပြီး သိက္ခာကျစေသည့်အပြုအမူမပြုလုပ်ရပါ။
- ကလေးသူငယ်အရွယ်ရောက်သူများကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ဦးစားပေးဆက်ဆံခြင်းမပြုလုပ်ရပါ။
- အမြတ်ထုတ်သောအပြုအမူ/အမြတ်ထုတ်သောလုပ်ဆောင်ခြင်း မျိုးမပြုလုပ်ရပါ။
- အသက် ၁၈နှစ်အောက်ကလေးငယ်နှင့် လိင်ဆက်ဆံခြင်းကို မပြုလုပ်ရပါ။
- လိင်အမြတ်ထုတ်သောအပြုအမှုများကို အခကြေးငွေပေး၍ဖြစ်စေ၊ အခြားဂုဏ်သိက္ခာညှိုးနွမ်းစေရန်ဖြစ်စေ မပြုလုပ်ရပါ။
- ကလေးလုပ်သား သို့မဟုတ် လူကုန်ကူးမှုလုပ်ငန်းများအပါအဝင်ငွေအပေးအယူလုပ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း မျိုးမပြုလုပ်ရပါ။
- ကလေး သို့မဟုတ် အရွယ်ရောက်ပြီးသူများကို တစ်သီးပုဂ္ဂလ အကျိုးအရသော်လည်းကောင်း၊ ငွေကြေးအရသော်လည်းကောင်းအမြတ်ထုတ်ခြင်း မျိုးမပြုလုပ်ရပါ။
- ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူများကို ညစ်ညမ်းသော၊ ရုပ်ရင်းကြမ်းတမ်းသောအရာများနှင့် ထိတွေ့စေခြင်း သို့မဟုတ် ပြသခြင်း မျိုးမပြုလုပ်ရပါ။
- ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူတို့အား မဖွယ်မရာရုပ်ပုံများအပါအဝင်၊ မသင့်တော်သော သို့မဟုတ် ရုပ်ရင်းကြမ်းတမ်းသော အကြောင်းအရာနှင့်၊ ပစ္စည်းများအား ကြည့်ရှုစေခြင်း၊ download လုပ်စေခြင်း၊ သိမ်းဆည်းခြင်း၊ ဖြန့်ဝေခြင်း မျိုးမပြုလုပ်ရပါ။
- ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူများကို မဖွယ်မရာ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ အသံများ record လုပ်ခြင်း နှင့် IT ပစ္စည်းကိရိယာများ သို့မဟုတ် Software, Email, Social Media စသည်တို့ကိုအသုံးပြု၍ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ရပါ။
- ပြင်တွင်းနှင့်နိုင်ငံတကာ ဥပဒေအရ ပြစ်မှုမြောက်စေမည့်ကိစ္စရပ်များဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း၊ အစွန်းရောက်မှုတို့ကိုအားပေးခြင်း မပြုလုပ်ရပါ။
- တရားမဝင်သော ဘေးလဲမကင်းသော မတော်မတရားကျင့်ရာလဲကျသည့်လုပ်ဆောင်ချက်များတွင် ကလေးသူငယ်၊ အရွယ်ရောက်ပြီးသူများကို ပါဝင်ခွင့်မပေးရပါ။
- အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူကိုသုံးစွဲရန်အားပေးခြင်းမျိုး မပြုလုပ်ရပါ။
- ကလေးသူငယ် သို့မဟုတ် ထိခိုက်လွယ်သော အရွယ်ရောက်ပြီးသူများနှင့် တခန်းထဲအတူအိပ်ခြင်း၊ အိမ်အလည်ခေါ်ခြင်း၊ ခွင့်ပြုချက်မရှိပဲ ကလေးအိမ်အတွင်း ဝင်ရောက်ခြင်း၊ သွားရောက်လည်ပတ်ခြင်းမျိုး မပြုလုပ်ရပါ။
- ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူများနှင့်စပ်လျဥ်းသည့် မိသားစုအိမ်တွင်းရေးအကြောင်း သို့မဟုတ် ထိလွယ်ရှလွယ်သည့် မည်သည့်လျို့ဝှက်ချက်ကိုမဆို တရားဝင်ခွင့်ပြုချက်မရှိပဲ ထုတ်ဖော်ပြောကြားခြင်း မျိုးမပြုလုပ်ရပါ။
- မိမိ၏ Personal Email, Social media, Mobile phone စသည့်နည်းလမ်းများဖြင့် ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူများကို သီးခြားဆက်သွယ်ခြင်း မျိုးမပြုလုပ်ရပါ။
- ကလေးငယ်များအားရိုင်းစိုင်းသော စကားသုံးအနှုန်းများပြောဆိုခြင်း၊ စိတ်ထိခိုက်စေရန် ကြမ်းတမ်းစွာပြောဆိုခြင်း၊ ခန္ဓာကိုယ်ကို ထိခိုက်အောင်/အနာတရဖြစ်အောင် မပြုလုပ်ရပါ။
- ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း အကြမ်းဖက်ခြင်း ဖိနှိပ် ချုပ်ချယ်ခြင်းမျိုး မပြုလုပ်ရပါ။
- ကလေးအသက်ရွယ်ကိုမခန့်မှန်းမိ၍သော်လည်းကောင်း အမှတ်မှားမိ၍သော်လည်းကောင်း စသည်ဆင်ခြေတက်ခြင်း မျိုးကိုလက်မခံပါ။
မဖြစ်မနေလုပ်ဆောင်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ကလေးငယ်များ၏အသံများကို တန်ဖိုးထားပေးရပါမည်။
- စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေသည်ဟုယူဆပါက သင့်လျော်စွာ တုံ့ပြန်ပေးရပါမည်။
- စိတ်ဓါတ်ကြံ့ခိုင်မှုရှိအောင် ပြုစုပျိုးထောင်ပေးရပါမည်။
- မိမိကိုယ်ကို ကာကွယ်နိုင်အောင်သင်ကြားလေ့ကျင့်ပေးရပါမည်။
- ကလေးသူငယ်၊ လူကြီး၊ လူရွယ်တို့နှင့် သင်ကြားမှု၊ သင်ယူမှုများလုပ်ကိုင်သည့်အခါ ထင်သာမြင်သာရှိစွာ လုပ်ကိုင်ရပါမည်။
- ညံ့ဖျင်းသောအလေ့အကျင့် မတော်မတရားကျင့်မှုတို့ရှိခဲ့လျှင် လျှစ်လျူရှုမထားရန်
- မတော်မတရားပြုကျင့်သည်ဟု အမှန်တကယ် သို့မဟုတ် သံသယရှိနိုင်သည့်အနေအထားများနှင့် စပ်လျဥ်း၍ လျို့ဝှက်အပ်သည်များကို လျို့ဝှက်ကာ ဆောင်ရွက်ရပါမည်။
- သင်ကြားရေးတွင် လုံခြုံနိုင်သမျှ လုံခြုံအောင် ဘေးကင်းလုံခြုံစေရေးအရင်းအမြစ်များ ဥပဒေရေး၊ ကျန်းမာရေးနှင့်ဘေးကင်းစေရေး နှင့်လုံခြုံရေး လုပ်ထုံးလုပ်နည်းများ အားလုံးကိုလိုက်နာဆောင်ရွက်ရပါမည်။
- ကလေးသူငယ် သို့မဟုတ် အရွယ်ရောက်ပြီးသူများအပေါ် မတော်မတရားပြုကျင့်ခြင်း အမြတ်ထုတ်ခြင်းအကြောင်း သိရှိပါက အဆိုပါသတင်းအချက်များကိုပြင်ပသို့မပေါက်ကြားစေရန် လျို့ဝှက်ပေးထားခြင်း ပြုလုပ်ရပါမည်။
- MAY International School တွင် ပညာသင်ကြားနေသောကလေးငယ်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် အကာအကွယ် ပေးရေးအတွက် ကျောင်းအုပ်ချူပ်သူများ ၊ ကျောင်းရှိတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းရေးရာအဖွဲ့များမှ အထက်ပါစည်းကမ်းချက်များအားလုံးကို အတူတကွလိုက်နာဆောင်ရွက်ရပါမည်။