Cambridge English Class

အ​ခြေခံပညာအထက်တန်းဖြေဆိုပြီးကျောင်းသား/ကျောင်းသူများ English Language ကိုအခြေခံမှစပြီးသင်ကြားနိုင်ရန်အတွက် Cambridge English Class များကို Online - Zoom နှင့် Bahan Campus တို့တွင် Regular Class များဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

လူငယ်များအင်္ဂလိပ်စာစွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် MAY international Education Center တွင်အောက်ပါ Level များအတိုင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

  • Elementary : A2 - KET (Key English Test)
  • Intermediate : B1 - PET (Preliminary English Test)
  • Upper Intermediate : B2 - FCE (First Certificate in English)
  • Advanced : C1 - CAE (Advanced English)

မိမိတက်ရောက်ရမည့် Level ကို သိရှိနိုင်ရန်အတွက် Placement Test ဖြေဆိုရမှာဖြစ်ပါတယ်။

  • မိမိရဲ့အနာဂတ် ပညာ​ရေးအတွက်​သော်လည်း​ကောင်း
  • လုပ်ငန်းခွင်အတွက်​သော်လည်း​ကောင်း
  • နိုင်ငံရပ်ခြား ခရီးသွားဖို့အတွက်​သော်လည်း​ကောင်း

မိမိကိုယ်ကို သာမာန်ထက်ပိုပြီး Confident ရှိစွာ အင်္ဂလိပ်ဘာသာစကား ဖြင့် ပြောဆိုဆက်ဆံနိုင်ဖို့အတွက် ဖော်ပြပါသင်တန်းများက အ​ထောက်အကူပြု​စေမှာဖြစ်ပါတယ်။

သင်တန်းကာလကတော့ အနည်းဆုံး ၃လ တက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းသားတစ်ဦးချင်းစီအ​နေနဲ့ အရည်အချင်းပြည့်ဝလာပြီဆိုရင်​တော့ Cambridge Exam ဝင်​ရောက်​ဖြေဆိုနိုင်ပါတယ်။ Exam ​ဖြေဆိုသူတိုင်း မိမိ English Level ပါဝင်တဲ့ နိုင်ငံတစ်ကာအသိအမှတ်ပြု Cambridge Assessment English Certificate ကို ရရှိမှာဖြစ်ပါတယ်။